အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၅၀.၂)သန်း ကို တော်လှန်ရေးကာလအတွင်း အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။
အဆိုပါ ငွေကျပ် (၃၅၀.၂)သန်းအား တစ်လတာကာလအတွင်း အရေးကြီးသည့် ဆောင်ရွက်ချက်များ အနေဖြင့် ဝန်ကြီးဌာနက ပြည်သူမှပြည်သူ အလှူငွေကိုအသုံးပြု၍ –
(၁) နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၁၀၉,၄၀၄) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၁၈၃) သန်း
(၂) ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၁၉၆) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၅၈) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၃၈) သန်း
(၃) CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁၅.၆) သန်း
(၄) နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၂.၆) သန်း
(၅) အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁၁၁) သန်း တို့ကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။
တော်လှန်ရေးကာလ (၃) နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှု့ပြီး အဖက်ဖက်အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေသော ပြည်သူတစ်ဦးချင်းစီတိုင်းကို လေးစားဂုဏ်ယူမိပါကြောင်းနှင့် အစိုးရနှင့်ပြည်သူအကြား အချင်းချင်း အားပေးအားယူ ပြုပြုနိုင်ရန်အတွက် (၁) လတာကာလအတွင်း ပံ့ပိုးပေးနိုင်ခဲ့မှု အခြေအနေများကို အစီရင်ခံ တင်ပြလိုက်ပါသည်။




