Skip to content
 An official website of the National Unity Government
Ministry of Humanitarian Affairs and Disaster Management
Donate
Donate
Search
  • ENGLISH
  • ပင်မစာမျက်နှာ
  • ဝန်ကြီးဌာန
    • ဖွဲ့စည်းမှုပုံစံ
      • ဖွဲ့စည်းမှုပုံစံ ဇယား
      • ပြည်ထောင်စု ဝန်ကြီး
      • ဒုတိယဝန်ကြီး
    • မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်နှင့် စံတန်ဖိုးများ
  • လူသားချင်းစာနာမှု အကူအညီများ
  • အရင်းအမြစ်များ
    • ကြေညာချက်များ
    • သိကောင်းစရာ ပိုစတာများ
    • မြေပြင်အခြေအနေ မှတ်တမ်းများ
  • သတင်းများ
    • သတင်းထုတ်ပြန်ချက်များ
    • အထူးသတင်းများ
  • မိတ်ဖက်အဖွဲ့အစည်းများ
 An official website of the National Unity Government
Ministry of Humanitarian Affairs and Disaster Management
  • ENGLISH
Donate
Donate
Search
  • ပင်မစာမျက်နှာ
  • ဝန်ကြီးဌာန
    • ဖွဲ့စည်းမှုပုံစံ
      • ဖွဲ့စည်းမှုပုံစံ ဇယား
      • ပြည်ထောင်စု ဝန်ကြီး
      • ဒုတိယဝန်ကြီး
    • မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်နှင့် စံတန်ဖိုးများ
  • လူသားချင်းစာနာမှု အကူအညီများ
  • အရင်းအမြစ်များ
    • ကြေညာချက်များ
    • သိကောင်းစရာ ပိုစတာများ
    • မြေပြင်အခြေအနေ မှတ်တမ်းများ
  • သတင်းများ
    • သတင်းထုတ်ပြန်ချက်များ
    • အထူးသတင်းများ
  • မိတ်ဖက်အဖွဲ့အစည်းများ
မူဝါဒ
ရည်မှန်းချက်
လုပ်ငန်းတာဝန်များ
စံတန်ဖိုးများ
မူဝါဒ
  • သဘာဝဘေး၊ လူကြောင့်ဖြစ်သောဘေး အပါအဝင် အရေးပေါ် အခြေအနေများကြောင့် ထိခိုက်ခံစားရသော ပြည်သူများ၏ လတ်တလော လိုအပ်ချက်များကို ထိရောက်သော ကူညီတုံ့ပြန်မှုများ ပေးရန်။
  • လူမျိုး၊ မျိုးနွယ်၊ လိင်ခံယူချက်(ဂျန်ဒါ) ၊ ဘာသာရေးယုံကြည်မှု၊ မသန်စွမ်းဖြစ်မှုတို့နှင့် မပတ်သက်စေဘဲ အခြေခံလူ့အခွင့်အရေးဆိုင်ရာ သဘောတရားများကို အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးလျက် လူတို့၏ အသက်ဘေးအန္တရာယ်မှ အစွမ်းကုန်ကာကွယ်ပေးရန်၊ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဘေးသင့်ပြည်သူများ၏ ထိခိုက်ခံစားရမှု များကို လျော့ပါးသက်သာစေရေး ကြိုးပမ်းဆောင်ရွက်ပေးရန်။
  • ပြည်သူများ၏ ကျန်းမာပျော်ရွှင်မှုကို မြှင့်တင်ပေးရန်၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများမှ ကာကွယ်နိုင်ရေးအတွက် စွမ်းဆောင် ရည်မြှင့်တင်ပေးရန်နှင့် ဘေးအန္တရာယ်အမျိုးမျိုးမှ ခံနိုင်ရည်ရှိစေရေး တိုးမြှင့် လုပ်ဆောင်ပေးနိုင်ရန်တို့အတွက် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ များနှင့်ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုများကို ဆောင်ရွက် ပေးရန်။
ရည်မှန်းချက်

လူသားချင်း စာနာထောက်ထားသည့် ကူညီပံ့ပိုးမှုများနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုများကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ ပြည်သူ အားလုံး သာတူညီမျှ ခံစားရရှိစေမည်။

လုပ်ငန်းတာဝန်များ
  • အာဏာသိမ်း စစ်ကောင်စီ၏ ဖိနှိပ်အကြမ်းဖက်မှုများကြောင့် ပြည်တွင်း၊ ပြည်ပနေရပ်စွန့်ခွာရသူများ၊ လူမှုစီးပွားနှင့် ဘဝရပ်တည်မှု ထိခိုက်ရသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးနိုင်ရေး၊ လုံခြုံစိတ်ချရသော ခိုလှုံရာနေရာများ တည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စများကို ပံ့ပိုးပေးနိုင်ရေးအတွက် အလှူရှင် အဖွဲ့အစည်းများ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ပူးပါင်းဆောင်ရွက်ရန်။
  • လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် နှီးနွယ် ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့်နှင့် ဒေသန္တရအဆင့်ရှိ အစိုးရများနှင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရန်။
  • လက်လုပ်လက်စား အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်ရန်။
  • နိုင်ငံတကာသို့ရောက်ရှိနေကြသည့် အသိပညာရှင်၊ အတတ်ပညာ ရှင်များ၏ နည်းပညာ ပံ့ပိုးမှုများအား ရယူနိုင်ရေးဆောင်ရွက်ရန်။
  • ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးသက်သာစေရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်။
  • ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့ပါးစေရေးအတွက် အလျင်အမြန်တုန့်ပြန်နိုင်ရေးအစီအမံများ ချမှတ်ဆောင်ရွက်ရန်။
  • ဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လျင်လျင်မြန်မြန်နှင့် စနစ်တကျ အကောင်အထည်ဖော်နိုင်ရေးအတွက် အစီအမံများ ချမှတ် ဆောင်ရွက်ရန်။
စံတန်ဖိုးများ
  • ပြည်သူများအား လူသားချင်း စာနာထောက်ထားသည့် ကူညီပံ့ပိုးမှု များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများပေးရာတွင် လူမျိုး၊ မျိုးနွယ်၊ လိင်ခံယူချက်(ဂျန်ဒါ) ၊ မသန်စွမ်းဖြစ်မှု၊ ဘာသာရေးယုံကြည်မှုများနှင့် မပတ်သက်စေဘဲ အခြေခံလူ့အခွင့်အရေးဆိုင်ရာ သဘောတရားများကို အတတ်နိုင်ဆုံး လိုက်နာပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်။
  • ပြည်သူများအား လူသားချင်း စာနာထောက်ထားရေး ကူညီပံ့ပိုးမှု များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများပေးရာတွင် ပြည်နယ်အဆင့် နှင့် ဒေသန္တရအဆင့်ရှိ အစိုးရများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်။
  • နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေးနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင် ရာ စံချိန်၊ စံနှုန်းများ နှင့်အညီဆောင်ရွက်ရန်။
  • လက်တွေ့လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အားလုံး ပူးပေါင်းပါဝင်မှု၊ Do no harm စံချိန်စံနှုန်းနှင့်အညီ ဆောင်ရွက်ရန်။
  • ဆက်သွယ်ရန်
  • ရှာဖွေရန်
  • ဆိုဒ်မြေပုံ

Email: [email protected]

About the Ministry


The ministry was founded on 16th April 2021 by the National Unity Government (NUG) of Myanmar to provide humanitarian aid and disaster relief to the people of Myanmar. Click here to get more information.

Copyright © 2023 လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန 

Copyright © 2023 လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန