ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း
လူသားချင်းစာနာထောက်ထားလျက် ဘေးဒုက္ခကြုံတွေ့သူများကို မိမိတတ်စွမ်းသမျှကူညီပံ့ပိုးပေးခြင်းသည် လူ့ဂုဏ်သိက္ခာနှင့်ဆိုင်သော လူသားတို့၏ဂုဏ်အင်လက္ခဏာတစ်ရပ်ဖြစ်သကဲ့သို့ လူသားပီသသူတိုင်း ဆောင်ရွက်ရမည့်အမှုအရာတစ်ခုလည်းဖြစ်သည်။
ဒေါက်တာငိုင်းတမ်မောင်းသည် မင်းတပ်မြို့တွင် ကြီးပြင်းလာခဲ့ပြီး မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ရေဆင်းတွင် BVSc ဘွဲ့ကိုလည်းကောင်း၊ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၊ ရန်ကုန်တွင် Master of Divinity (MDiv) ဘွဲ့ကိုလည်းကောင်း၊ စင်ကာပူနိုင်ငံရှိ Counselling School of Singapore Bible College တွင် Master of Art in Counselling (MAC) ဘွဲ့ကိုလည်းကောင်း ရရှိထားသည်။
ဒေါက်တာငိုင်းတမ်မောင်းသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ရေဆင်းတွင် BVSc ဘွဲ့ကိုလည်းကောင်း၊ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၊ ရန်ကုန်တွင် Master of Divinity (MDiv) ဘွဲ့ကိုလည်းကောင်း၊ စင်ကာပူနိုင်ငံရှိ Counselling School of Singapore Bible College တွင် Master of Art in Counselling (MAC) ဘွဲ့ကိုလည်းကောင်း ရရှိထားသည်။
မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့မှ ချင်းလူမျိုးတို့စုစည်းသော ချိုးနှစ်ခြင်းခရစ်ယာန်အသင်းတော် တစ်ပါးတွင် လက်ထောက်သင်းအုပ်ဆရာလုပ်ရင်း ခရစ်ယာန်စာပေများ ဘာသာပြန်ဆိုသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
Counselling လိုအပ်သူများအား အခမဲ့ counselling လုပ်ပေးရင်း မြန်နိုင်ငံအရပ်ရပ်မှ အချို့သော NGO, CSO ဝန်ထမ်းများအား အရပ်သားများအတွက် Counselling အတတ်ပညာပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုများ (Basic Counselling Skills for Laymen) ကို အခါအားလျှော်စွာသင်ကြားပို့ချပေးခဲ့သည်။
၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် ချင်းပြည်နယ်အတွင်း မိုးကြီးမြေပြိုမှုများဖြစ်ပေါ်ခဲ့၍ ပြည်သူများ အိုးအိမ်ဆုံးရှုံး ရသည့်အခါ အသိမိတ်ဆွေများနှင့်ပူးပေါင်းလျက် အကူအညီလိုအပ်သူများထံအရောက်သွား၍ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လူသားချင်းစာနာမှုအကူအညီများကို တတ်စွမ်းသမျှကူညီပံ့ပိုးခဲ့သည်။ ထိုခရီးစဉ်တွင် နှစ်ပေါင်းဆယ်စုနှစ်များစွာ နိုင်ငံရေးစနစ်ဆိုး၏ဒဏ်ကြောင့် ဆင်းရဲမွဲတေနေရသည့်အကြား သဘာဝဘေးဒဏ်ပါခံစားရသောပြည်သူများကိုမြင်ရသည့်အခါ လွန်စွာစိတ်မကောင်းဖြစ်မိလျက် အခြားသောပြည်သူများနှင့်အတူ နိုင်ငံရေးစနစ်ဆိုးကိုဖယ်ရှားလျက် နိုင်ငံတော်တည်ဆောက်ရာတွင် တတ်စွမ်းသမျှပါဝင်မည်ဆိုသည့်ဆုံးဖြတ်ချက်ဖြင့် နိုင်ငံရေးလောကသို့ ဝင်ရောက်လာခဲ့သည်။
နိုင်ငံရေးလောကသို့ဝင်ရောက်ပြီးနောက် ၂၀၁၉ ခုနှစ်တွင် မင်းတပ်ခရိုင် NLD အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်လာကာ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ် အမှတ် (၆) မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခြင်းခံရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မင်းတပ်သပိတ်ခေါင်းဆောင်များ၊ CDMer များနှင့်စုပေါင်း၍ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့စည်းကာ နာယကတစ်ဦးအဖြစ်ပါဝင်လျက်ရှိသည်။ Chin Humanitarian and Relief Committee (CHRC) ၏ ဥက္ကဌ ဖြစ်သည်။ Interim Chin National Consultative Council (ICNCC)၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကာ NUCC ၏ Joint Coordination Committee (Humanitarian Assistance) တွင် ICNCC ၏ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။