ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးမှု

အာဏာသိမ်းစစ်ကောင်စီသည် မြန်မာနိုင်ငံဒေသအသီးသီးရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများတွင် တိုက်ပွဲဖော်ဆောင်ခြင်း၊ သာသနိကအဆောက်အဦများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို ပစ်မှတ်ထားခြင်း၊ ဒေသခံပြည်သူများအား သာလွန်အင်အားဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် လူမဆန်သည့် ဖိနှိပ်ရက်စက်ခြင်းများကို နေ့ညမရွေး ကျူးလွန်လျက်ရှိပါသည်။ ယင်းကဲ့သို့ စစ်ရာဇ ဝတ်မှု အမျိုးမျိုးကို ကျူးလွန်နေခြင်းကြောင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ  (၁၃,၀၀၀)ကျော်သည် တောတောင်များအကြား ထွက်ပြေးပုန်းရှောင်နေကြရ ပါသည်။ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် ကျေးရွာ ၁၄ ရွာရှိ စစ်​ဘေး​ရှောင်လူဦး​ရေ ၅၀၀ ခန့် အတွက် စုစုပေါင်းကျပ်သိန်း(၃၀)တန်ဖိုးရှိ အရေးပေါ် လိုအပ်သည့် ရိက္ခာများ၊ အဝတ်အထည်များ၊ မိုးကာများ၊ ဆေးဝါးနှင့်အာဟာရပစ္စည်းများ၊ ကလေးသူငယ်များအတွက် အာဟာရနို့မှုန့်ထုပ်များ၊ ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ဝန်ကြီးဌာနအနေဖြင့် စစ်ဘေးကြောင့်ထိခိုက်ခံစားကြရသည့် ပြည်သူများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှု အမျိုးမျိုးကို ခံစားနေကြရသည့် ပြည်သူ့အာဏာဖီဆန်မှုတွင် ပါဝင်နေကြသော ဝန်ထမ်းများအတွက် လူသားချင်းစာနာမှုအကူအညီများရရှိနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ထပ်လောင်း၍ သတင်းစကားပါးအပ်ပါသည်။