မင်းတပ်ရှိ နေရပ်စွန့်ခွာပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ၏ လှူဒါန်းမှု

စစ်ကောင်စီ၏ အကြမ်းဖက် ရက်စက်မှုများကြောင့် နေရပ်စွန့်ခွာကြရသော မင်းတပ်ရှိ ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးအပ်ရန် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများက လှူဒါန်းသော ဘတ် သုံးသိန်း (မြန်မာငွေကျပ် သိန်း တစ်ရာ့ ငါးဆယ်တိတိ)ကို Aid Alliance Committee for Myanmar Workers (AAC) မှတဆင့် လူသားချင်းစာနာ ထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ရာ၊ မင်းတပ် ပြည်သူများ ထံ ဆက်လက်​ပေးပို့ လှူဒါန်းပြီးဖြစ်ပါသည်။

လှူဒါန်းခဲ့သည့် အဖွဲ့များ

၁။ ပြည်ထောင်စုစည်းလုံးရေးအားမာန်အဖွဲ့(ဖူးကစ်မြို့) ကိုမုန်တိုင်း မှ ဦးဆောင်၍ ဘတ်တစ်သိန်း 

၂။ ပထုန်ဌာနီခရိုင် ခေါင်လွန်နယ်မြေမှ မြန်မာပြည်ဖွား တိုင်းရင်းသား ညီအကိုမောင်နှမများမှ ဘတ်တစ်သိန်း

၃။ အမေမျိုးဆက်သစ်အားမာန်အဖွဲ့ ဝေလရပ်ကွက် (၁၂) လမ်း မဟာချိုင်နယ်မြေ စာမွတ်ဆာခွန်ခရိုင် မှဘတ်ငါးသောင်း

၄။ Khon kaen fishing Net (Thailand) မှ ဘတ်သုံးသောင်း 

၅။ မြန်မာနိုင်ငံတိုင်းရင်းသားအားလုံး ညီညွတ်ရေး Crystal Lights မဟာချိုင်မှ ဘတ်နှစ်သောင်း