တနင်္သာရီတိုင်း နယ်စပ်ဒေသရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်မှု

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဖိနှိပ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် တနင်္သာရီတိုင်း နယ်စပ်ဒေသရှိ စစ်ဘေးရှောင် ပြည်သူများအတွက် ငွေကျပ် ခုနစ်ဆယ့်နှစ်သိန်း တန်ဖိုးရှိ အခြေခံလူသုံးကုန် ပစ္စည်းများ၊ ဆေးဝါးများကို  လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြည်သူများလက်ဝယ် အရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။