အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် မတရားအာဏာသိမ်းခံရမှု (၃) နှစ် မြောက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ဂျပန်လွှတ်တော်အမတ်များ အဆောက်အအုံ၌ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးနှင့် မြန်မာအရေးစိတ်ဝင်စားသူ ဂျပန်လွှတ်တော် အမတ်များသမဂ္ဂ တို့ကကျင်းပပြုလုပ်သည့် အခမ်းအနားတွင် မြန်မာနိုင်ငံလက်ရှိအခြေအနေ၊ စစ်ရှောင်ပြည်သူများ ကြုံတွေ့နေရသော အခက်အခဲများ၊ ရှေ့ဆက်ဖော်ဆောင်ရမည့် နိုင်ငံရေးမူဝါဒများနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်တို့ကို တက်ရောက်လာသူ ဂျပန်လွှတ်တော်အမတ်များ၊ နိုင်ငံတကာ ဧည့်ပရိသတ်များ၊ ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် သတင်းမီဒီယာများမှ တက်ရောက်လာသူများတို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။
သတင်းအသေးစိတ်ကို ဂျပန်သတင်းစာ The Japan News တွင် ဖေါ်ပြထားသော အောက်ပါလင့်မှတဆင့် လေ့လာဖတ်ရှုနိုင်ပါသည်။
https://japannews.yomiuri.co.jp/world/asia-pacific/20240201-166250/




