၂၀၂၁ ဇွန်လ ၆ရက်နေ့မှ ဇွန်လ ၂၈ရက်နေ့ အတွင်း လူသားချင်းစာနာမှု အကူအညီ ပေးပို့ထောက်ပံ့ခြင်းများ

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် စစ်ကောင်စီတပ်များ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာနိုင်ငံ အနှံ့အပြားရှိ အတိဒုက္ခရောက်နေကြရသော ပြည်သူများအတွက် ထောက်ပံ့မှုများကို အခက်အခဲများ ကြားမှ အမြန်ဆုံး ရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများနှင့် အဖွဲ့အစည်းများ၏ လှူဒါန်းမှုများဖြင့် ၂၀၂၁ ဇွန်လ ၆ရက်နေ့မှ  ဇွန်လ ၂၈ရက်နေ့ အတွင်း

  • ကရင် ပြည်နယ် ဖလူး ဒေသ စစ်ဘေးရှောင် ပြည်သူများအတွက် ငွေကျပ် ရှစ်ဆယ့်တစ်သိန်းခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် အဝတ်အထည်များ နှင့် ငွေကျပ် ကိုးဆယ့်ခုနစ်သိန်းလေးသောင်း ကို လည်းကောင်း၊
  • ကရင်ပြည်နယ် အခြားဒေသများရှိ စစ်ဘေးရှောင်စခန်းများသို့ ငွေကျပ် သိန်းတစ်ရာ့ငါးဆယ်ခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် အဝတ်အထည်များကိုလည်းကောင်း၊
  • ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့ စစ်ဘေးရှောင်များအတွက် ငွေကျပ် နှစ်ရာ့ကိုးသိန်းခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများကို လည်းကောင်း၊
  • ကယား ပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် ငွေကျပ် သုံးရာနှစ့်ဆယ့်ငါးသိန်း ကို  လည်းကောင်း၊
  • ချင်းပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် ငွေကျပ် လေးရာ့ခြောက်ဆယ့်ရှစ်သိန်းခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ နှင့် ငွေကျပ် တစ်ဆယ်သိန်း ကို လည်းကောင်း၊
  • ပြည်တွင်း ဒေသအသီးသီးရှိ ထိခိုက်လွယ်မိသားစုများအတွက် ငွေကျပ် ကိုးဆယ့်နှစ်သိန်း တစ်သောင်းငါးထောင်ကို လည်းကောင်း၊

ထောက်ပံ့ပေးပို့နိုင်ခဲ့သည်။ လုံခြုံရေးအခြေအနေများကြောင့် ထောက်ပံ့မှုသတင်းများကို အချိန်နှင့် တပြေးညီ မထုတ်ပြန်သည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။