နိုင်ငံရေး အကျဥ်းသား အချုပ်သားများနှင့် မိသားစုဝင်များအတွက် လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခြင်း

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသား အချုပ်သားများနှင့်  မိသားစုဝင်များ အား လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက လူသားချင်းစာနာကူညီ​မှုအ​နေဖြင့် မြန်မာကျပ် တစ်ရာ သုံးဆယ့် သုံးသိန်း ခြောက်သောင်း ငါးထောင်ကို သက်ဆိုင်ရာသို့ အလျင်အမြန်ရောက်ရှိနိုင်ရန် စီစဥ်ဆောင်ရွက်ခဲ့ပါသည်။  ဤကဲ့သို့ကူညီပံ့ပိုးနိုင်ရန် Free Burma Action Committee San Francisco ကကူညီလှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။