ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်၊ ဘယ်ဂျီယံ၊ နယ်သာလန်နိုင်ငံများရှိ CRPH နှင့် NUG ကို ထောက်ခံသော မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံဆွေးနွေးပွဲ

ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်၊ ဘယ်ဂျီယံ၊ နယ်သာလန်နိုင်ငံများရှိ CRPH နှင့် NUG ကို ထောက်ခံသော မြန်မာနိုင်ငံသားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၉ရက်က ပြုလုပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ 

ဆွေးနွေးပွဲတက်ရောက်လာသူများကို ဝန်ကြီးဌာန တစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များ အကြောင်းရှင်းလင်း ပြောကြားခဲ့ကြပြီး တက်ရောက်သူများက NUG အစိုးရနှင့်ပတ်သက်သည့် သိလိုရာ မေးခွန်းများကို ​မေးမြန်းကြရာ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ပြန်လည် ဖြေကြားခဲ့ကြပါသည်။ 

 နိုင်ငံတကာတွင် ရောက်ရှိနေသော မြန်မာပြည်သူများနှင့် ယခုကဲ့သို့​တွေ့ဆုံမှုသည် လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် NUG အစိုးရ၏ လုပ်ဆောင်ချက်များကို  နိုင်ငံတကာ အစိုးရများနှင့် လွှတ်တော်အမတ်များအား ပိုမိုသိရှိစေပြီး နိုင်ငံတကာ အသိအမှတ်ပြု NUG အစိုးရဖြစ်လာစေရန်အတွက် အလွန်အရေးပါပါသည်။ 

ထို့အတူ  နိုင်ငံတကာရှိ မြန်မာ ပြည်သူများ၏ လူသားချင်စာနာထောက်ထားရေး အကူအညီပေးအပ်မှုများ ပိုမိုရရှိ​စေပါသည်။ NUG အစိုးရသည် ပြည်တွင်းပြည်ပရှိ ပြည်သူအများစု၏​ထောက်ခံမှုကိုရရှိ​နေပြီဖြစ်ပါသည်။ ပြည်သူသာ အဓိကဖြစ်၍ အ​ရေး​တော်ပုံ မုချ​အောင်ရမည်ဖြစ်ပါသည်။