သြစတြေးလျနိုင်ငံ CRPH/NUG Support Group အဖွဲ့ဝင်များနှင့် လူသားချင်း စာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူများသည် မေလ ၁၂ရက်နေ့တွင် အွန်လိုင်းတွင် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ CRPH/NUG က ချပေးသော လမ်းညွန်ချက်များအတိုင်း CRPH International Relations ၏ မေတ္တာရပ်ခံချက်နှင့် စနစ်တကျ ရွေးကောက်ပွဲများဖြင့် စုဖွဲ့ထားကြောင်း၊ မကြာမီတွင် သြစတြေးလျ ပါလီမန်၏နိုင်ငံခြားရေးရာ ကော်မတီက မြန်မာ့အရေးကြားနားပွဲတစ်ရပ် ထပ်မံပြုလုပ်ရန်ရှိခြင်း၊ မဟာမိတ် ပါလီမန် အမတ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အစည်းအဝေးများ ရှိပါသဖြင့် လမ်းညွန်ချက်များပေးရန် တင်ပြခဲ့ကြပါသည်။ NUG အစိုးရ၊ ဝန်ကြီးဌာနနှင့် ပတ်သက်သော သိလိုရာများဆွေးနွေး ဖြေကြားခဲ့ကြပါ သည်။
နိုင်ငံတကာရောက် မြန်မာများ၏ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုသည် မြန်မာပြည်သူ များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဆိုင်ရာ အကူအညီများ ပေးရုံမျှမက NUG အစိုးရကို သက်ဆိုင်ရာ နိုင်ငံတကာများက အသိအမှတ်ပြုရေး အတွက် အင်အားဖြစ်စေပါသည်။
