စစ်ကောင်စီ အကြမ်းဖက် ဖိနှိပ်မှုကြောင့် အလုပ်လက်မဲ့ ဖြစ်ကြရသည့် ထိခိုက်လွယ် မိသားစုများအား လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးအပ်ရန် ဂျပန်နိုင်ငံမှ မြန်မာပြည်သူများက စုပေါင်းလှူဒါန်းသော ငွေကျပ် လေးဆယ့်ငါးသိန်း ခုနစ် သောင်းကို Myanmar Nationalities Support Organization (MNSO)မှ တဆင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ရာ လိုအပ်သူများထံ အလျင်အမြန်ရောက်ရှိရန် စီမံဆောင်ရွက်ခဲ့ ပြီးဖြစ်ကြောင်း တင်ပြအပ်ပါသည်။
နိုင်ငံတကာရောက် မြန်မာများ၏ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာပြည်သူများအတွက် လူသားချင်း စာနာထောက်ထား မှုဆိုင်ရာဆိုင်ရာ အကူအညီများပေးရုံမျှမက NUG အစိုးရကို သက်ဆိုင်ရာ နိုင်ငံတကာများ က အသိအမှတ်ပြုရေးအတွက်အင်အား ဖြစ်စေပါသည်။
