နေရပ်စွန့်ခွာ ရသော နယ်စပ်ဒေသရောက် ပြည်သူများအတွက် ထိုင်းနိုင်ငံမှ မြန်မာအဖွဲ့အစည်းများ၏ လှူဒါန်းမှု

စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရပြီး စစ်ဘေးရှောင်များ အဖြစ် နယ်စပ်ဒေသများသို့ ရောက်ရှိနေကြပါသည်။ ထိုဘေးဒုက္ခခံစားနေကြရသော ပြည်သူများအတွက် ထိုင်းနိုင်ငံမှ အနှိုင်းမဲ့ မေတ္တာ ပရဟိတ လူငယ်အသင်းက လည်းကောင်း၊ Cal Comp Electronics မြန်မာဝန်ထမ်းများ မိသားစုက လည်းကောင်း၊ နှလုံးလှ အဟာရ သွေးစည်းညီအကို မောင်နှများ ကလည်းကောင်း ဘတ် တစ်သိန်းစီ ဖြင့် စုစုပေါင်း ဘတ် သုံးသိန်း တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများကို လှူဒါန်းခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်သူများထံ ရောက်ရှိရန် စီစဥ်ဆောင်ရွက်ခဲ့ပါသည်၊

ပြည်သူများ ဘေးဒဏ်မှ လွတ်မြောက်ပြီး ကိုယ်စိတ်ကျန်းမာကြပါစေ။ 

အရေးတော်ပုံအမြန်အောင်မြင်ပါစေ။