မြင်းခြံမြို့နယ်အတွင်းရှိ ဘေးသင့်ပြည်သူများအား လူသားချင်းစာနာမှု အကူအညီများပံ့ပိုးမှု

အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်နှိမ်နှင်းမှုများနှင့် ဖိနှိပ်မှုများကြောင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် နီးစပ်ရာ ဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေကြရပါသည်။

အကြမ်းဖက်ဖိနှိပ်မှုဘေးကြောင့် ထိခိုက်ခံစားကြရသည့် ဒေသခံပြည်သူများအတွက် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ငွေသားထောက်ပံ့မှု(၉)သိန်းအပါအဝင် ဆေးဝါးနှင့် စားသောက်ကုန် ပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြုပစ္စည်းများ၊ အဝတ်အထည်နှင့် လူသုံး ကုန်ပစ္စည်းများကို  ဒေသခံအဖွဲ့အစည်းများမှတဆင့် ပေးအပ်လှူဒါန်းခဲ့ပါသည်။ 

လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် ဘေးသင့်ပြည်သူများ၏ ထိခိုက်ခံစားရမှုများအတွက် ထပ်တူစာနာမှုဖြင့် ထောက်ပံ့ကူညီမှုများကို တတ်စွမ်းသရွေ့ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။