ဂျပန်၊ စင်္ကာပူနှင့် ကိုရီးယားရောက် မြန်မာများနှင့် တွေ့ဆုံဆွေးနွေးပွဲ

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိ သူများသည် မေလ ၁၁ရက်နေ့တွင် ဂျပန်၊ စင်္ကာပူနှင့် ကိုရီးယားရောက် မြန်မာ များနှင့် အွန်လိုင်း စံနစ်ဖြင့် တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဝန်ကြီးဌာန တာဝန်ရှိသူများမှ NUG အစိုးရ၊ ဝန်ကြီးဌာနနှင့် ပတ်သက်သော သိလိုရာများ ဆွေးနွေး ဖြေကြားခဲ့ကြပါသည်။ ထို့နောက် ဂျပန်နိုင်ငံရောက်မြန်မာများအဖွဲ့ MNSOက  အာဏာသိမ်း စစ်ကောင်စီကြောင့် ဘေးဒုက္ခ ရောက်နေသော တိုင်းရင်းသားပြည်သူ များ အတွက် လူသားချင်းစာနာ ထောက်ထားရေး နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာနကို မြန်မာကျပ် တစ်ရာ့လေးသိန်း လှူဒါန်းခဲ့ပါသည်။

နိုင်ငံတကာရောက် မြန်မာများ၏ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုသည် မြန်မာပြည်သူ များ အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဆိုင်ရာ အကူအညီများပေးရုံ မျှမက NUG အစိုးရကို သက်ဆိုင်ရာ နိုင်ငံတကာများက အသိအမှတ်ပြုရေးအတွက်အင်အား ဖြစ်စေပါသည်။