မြန်မာပြည်ချစ်သူများ မကာအို အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု

အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကြောင့် ဒုက္ခရောက်နေကြတဲ့ တိုင်းရင်းသား ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ အတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကို မြန်မာပြည်ချစ်သူများ အဖွဲ့ မကာအို (Myanmar Youth Society Macau) က အမေရိကန် ဒေါ်လာ (၁၅,၀၀၀)ကို  လှူဒါန်းခဲ့ပါတယ်

မြန်မာပြည်ချစ်သူများ မကာအို အဖွဲ့ကို အွန်လိုင်းကတဆင့် ရင်းနှီးစွာတွေ့ဆုံ ကျေးဇူးတင်စကားပြောခဲ့ပြီး ဝန်ကြီးဌာနအတွင်း ညှိနှိုင်းမှုနဲ့ လိုအပ်နေတဲ့သူတွေဆီ အကူအညီများ အမြန်ဆုံးရောက်ရှိပြီး ထိရောက်စွာကူညီနိုင်ရေး တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်

နိုင်ငံတကာရောက် မြန်မာတွေက NUG အစိုးရကို ထောက်ခံကြပြီး မိမိတို့ချွေးနည်းစာများနဲ့ မြန်မာပြည်က တိုင်းရင်းသားပြည်သူတွေကို ကူညီပေးကြတာ အထူးကျေးဇူးတင်ပါတယ်

အရေးတော်ပုံ အောင်ရမည်။