စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအတွက် ထောက်ပံ့မှု

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကျေးရွာပေါင်း (၄၀)ကျော်ထွက်ပြေး တိမ်းရှောင်ရလျက် ရှိပါသည်။ အမျိုးသမီး ကလေးနှင့် သက်ကြီးရွယ်အိုများပါ ပြေးလွှားတိမ်းရှောင်လျက်ရှိသဖြင့်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မြန်မာကျပ်ငွေ သိန်းလေးဆယ်ကျော်တန်ဖိုး ရှိသည့် ရွက်ဖျင်တဲမိုးကာများနှင့် အခြားလိုအပ်သည့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။