AAC မဟာမိတ်အဖွဲ့က ဦးစီး၍ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းမှု

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ဖြစ်ထွန်းရေးအတွက် တိုင်းရင်းသား ပြည်သူ အားလုံးက စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်လျက် ရှိကြပါတယ်။ 

ဒီတော်လှန်ရေးကာလအတွင်း ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအနေနဲ့ AAC မဟာမိတ်အဖွဲ့က ဦးစီးပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများက စေတနာထက်သန်စွာ ပါဝင်အားဖြည့်ကူညီခဲ့ကြတဲ့ စုပေါင်းလှူဒါန်းငွေ ထိုင်းဘတ် (၂၇၉,၁၉၀) တန်ဖိုးရှိ အစားအသောက်နှင့် ထောက်ပံ့ရေးပစ္စည်းများကို အမျိုးသား ညီညွတ်ရေး အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ပြည်သူများ ခံစားရရှိအောင် စီစဥ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

နိုင်ငံတကာရောက် မြန်မာတွေက NUG အစိုးရကို ထောက်ခံကြပြီး မိမိတို့ချွေးနည်းစာများနဲ့ မြန်မာပြည်က တိုင်းရင်းသားပြည်သူတွေကို ကူညီပေးကြတာ အထူးကျေးဇူးတင်ပါတယ်။

အရေးတော်ပုံ အောင်ရမည်။