အမျိုးသားညီညွတ်ရေး အစိုးရ( NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွက် လတ်တလော သောက်သုံးရေပြတ်လတ်မှု အား ဖြေရှင်းနိုင်ရန် ငွေကျပ် တစ်ဆယ့်ခြောက်သိန်း တန်ဖိုးရှိ ရေသန့် ၂၀ လီတာဝင်ဘူး ၄၀၀၀ ကို ကျေးရွာ ၃ ရွာ၊ ရပ်ကွက် ၃ ရပ်ကွက်တွင် စုစုပေါင်း အိမ်ခြေ ၁၅၃၀ ရှိ ပြည်သူများအတွက် ၂၈-၄-၂၀၂၁ ရက်နေ့မှ ၃၀-၄-၂၀၂၁ ရက်နေ့အတွင်း ဖြန့်ဝေ လှူဒါန်းခဲ့ပါသည်။
