တွေ့ဆုံဆွေးနွေးပွဲများ သတင်းထုတ်ပြန်ချက်

လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး နော်ထူးဖောနှင့် တာဝန်ရှိသူများ သည် ဧပြီလ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံအခြေစိုက် လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ စု ဖောင်ဒေးရှင်းတို့နှင့်  လည်းကောင်း ၊  ဧပြီလ ၃၀ ရက်နေ့တွင် မွန်ပြည်နယ်ရှိ လူထုအခြေပြုအဖွဲ့အစည်းများနှင့်လည်းကောင်း၊ မေလ ၃ရက်နေ့တွင် အိန္ဒိယ နယ်စပ်မှ လူမှုအဖွဲ့အစည်းများနှင့်လည်းကောင်း အွန်လိုင်းစံနစ်ဖြင့် တွေ့ဆုံခဲ့ကြပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီများ လိုအပ်မှုနေမှု မြေပြင်အခြေအနေများ၊ ထိရောက်စွာ အကူအညီပေးနိုင်ရေး အကြံပြုချက်များ၊ ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် ဧပြီလ ၃၀ ရက်တွင် မြန်မာနိုင်ငံ အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ ဝန်ကြီးဌာနများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။