လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး နော်ထူးဖောနှင့် တာဝန်ရှိသူများ သည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့၏ နယ်စပ်ဒေသများ၊ ရခိုင်ပြည်နယ်မှ လူထုအခြေပြုအဖွဲ့အစည်း၊ အရပ်ဖက် လူမှုအဖွဲ့အစည်း များနှင့် ဧပြီလ (၂၂)၊ (၂၄)၊ (၂၅) ရက်များတွင် အသီးသီးတို့နှင့် အွန်လိုင်းစံနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင် အဖွဲ့အစည်းများမှ အတွေ့အကြုံများ၊ အခက်အခဲများကို ပွင့်လင်းစွာ တင်ပြခဲ့ ပြီး၊ ဝန်ကြီးမှ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ထိရောက်စွာပေးနိုင်ရန် အကြံပြုချက်များ ရယူခဲ့သည်။
ထို့နောက် ဒေသအလိုက် လူသားချင်း စာနာထောက်ထားရေး အကူအညီများလိုအပ်မှု အခြေအနေဆန်းစစ်ချက်များ (Need assessment) ပြုလုပ်ရန်နှင့် လုပ်ငန်းစီမံချက်များ(Costed plan) စနစ်တကျရေးဆွဲပြီး အမြန်ဆုံး ပူးပေါင်း လုပ်ဆောင် သွားရန် ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။