စစ်အာာဏာရှင်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လက်တလောတွင် ထွက်ပြေးတိမ်းရှောင်နေရသော ကရင်ပြည်နယ်ရှိ အပြစ်မဲ့ စစ်ဘေးရှောင် ပြည်သူများအား ကယ်ဆယ်ကူညီရေး လုပ်ငန်းများအတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန က Youth Church in Maesot (YCM) မှ တဆင့် ၈၆သိန်း တန်ဖိုးရှိ အစားအသောက် ရိက္ခာများ ကို ကူညီပံ့ပိုးပေးခဲ့ပါသည်။
လူတစ်ဦးလျှင်
- ဆန် ၅ ကီလို တစ်အိတ်
- ဆီ ၁လီတာ တစ်ပုလင်း
- ငါးသေတ္တာ ၅ဗူး
- ငါးပိထောင်း ၅ဗူး နှုန်းဖြင့်
- လူဦးရေ ၅၀၀ ကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ပါသည်။


