ကရင်ပြည်နယ်ရှိ အရပ်သားများအား အကြမ်းဖက်စစ်အုပ်စုက စစ်လေယာဉ်များ အသုံးပြု၍ ရက်စက်စွာဗုံးကြဲတိုက်ခိုက်မှုကြောင့်ရွာသူရွာသား ၂၃၀၀၀ကျော် နေရပ်မှစွန့်ခွာထွက်ပြေးကြရပြီး စစ်ဘေးဒုက္ခသည်များ အဖြစ်သို့ရောက်ရှိခဲ့ကြရပါသည်။ ကရင်ပြည်နယ်၌ ကယ်ဆယ်ကူညီရေး လုပ်ငန်းများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် Karen Peace Support Network-KPSN မှတဆင့် သိန်း ၅၀၀ တန်ဖိုးရှိ အစားအသောက် စောင်နှင့် မိုးကာများအား ကူညီပံ့ပိုးပေးခဲ့ပါသည်။
