ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးတိုက်နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု ၊လှေဆွဲကျေးရွာရှိ ကျုံပျော် ဒေသခံ များသည် ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းကစတင်၍ ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရကာ ရွာသား ၄ ဦး ကျဆုံးခဲ့ပြီး လူဦးရေ ၁၅၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်။
ထို နေရပ်စွန့်ခွာရသူ ပြည်သူများအတွက် ဩစတြေးလျနိုင်ငံ၊ Doctors, Nurses and Friends (DNF) က မြန်မာကျပ်ငွေ တစ်ရာသုံးဆယ့်တစ်သိန်းကျပ်ကို လှုဒါန်းနိုင်ရန် သက်ဆိုင်ရာ မြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသည့် အဖွဲ့များထံသို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ၁၄.၆.၂၀၂၁ တွင် ချိတ်ဆက် စီမံဆောင်ရွက်ခဲ့ပါသည်။
