မကွေးတိုင်း ပေါက်မြို့နယ် ကင်းမရွာအတွက် လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှု

(၁၅.၆.၂၀၂၁) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊​ ကင်းမကျေးရွာသည် ​ရွာလုံးကျွတ်နီးပါး မီးလောင်ဖျက်ဆီးခံခဲ့ရရာ အိမ်ခြေ(၂၀၀) ခန့်ဆုံးရှုံးပျက်စီးခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် တိရိစ္ဆာန် ကျွဲ၊နွားများပါ အသက်ဆုံးရှုံးခဲ့ရပြီး  မီးဘေးသင့်လူဦးရေ (၁၀၀၀)ခန့်သည် စားဝတ်နေရေး အခက်အခဲများစွာ ရင်ဆိုင်နေရပါသည်။
ထို မီးဘေးသင့်ပြည်သူများအတွက် ကိုရီးယားနိုင်ငံ Civilian Fellowship for International Exchange မှ လှုဒါန်းထားသည့် မြန်မာကျပ်ငွေ ၁၈၂.၆ သိန်းကျပ် ကို သက်ဆိုင်ရာ မြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသည့် အဖွဲ့များထံသို့  အလျင်အမြန်ရောက်ရှိရန် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ၁၇.၆.၂၀၂၁ တွင်  ချိတ်ဆက် စီမံဆောင်ရွက်ခဲ့ပါသည်။