၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့

📣 အောက်တိုဘာလ (၁၃) ရက်ဟာ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day For Disaster Risk Reduction) (IDDRR) ဖြစ်ပါတယ်။

📣 ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “ အနာဂတ်ဘဝ ခိုင်မာလုံခြုံဖို့ မညီမျှမှုတိုက်ဖျက်စို့” (Fighting Inequality for a Resilient Future) ပါ။

💥မြန်မာနိုင်ငံဟာ သဘာဝဘေးကြောင့်သာမက လူကြောင့်ဖြစ်တဲ့ စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု နောက်ဆက်တွဲဘေးအန္တရာယ်တွေကို နိစ္စဓူဝ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရပြီး နိုင်ငံအနှံ့ကပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ရတာတွေ၊ နေအိမ် မီးရှို့ဖျက်ဆီးခံရတာတွေနဲ့ အသက်အိုးအိမ်အပါအဝင် ချစ်မြတ်နိုးရတဲ့သူတွေကို ဆုံးရှုံးခံနေရတဲ့ သောကပဋိဒေဝမျိုးစုံကိုပါ ခံစားနေကြရပါတယ်။

💥မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ ပြည်သူစုစုပေါင်း ၂ သန်းနီးပါး ရှိပြီး အဲဒီ ပြည်သူတွေဟာ လူသားချင်းစာနာမှုအကူအညီကို သာတူညီမျှ မရကြဘဲ ဘေးဒုက္ခတွေကို မမျှမတ ခံစားနေရပါတယ်။

🤝ပြည်သူများရဲ့ ခံစားနေရတဲ့ ဘေးဒုက္ခတွေကို လျော့ပါးသက်သာစေပြီး ဘေးဒဏ် ကြံ့ကြံ့ခံနိုင်တဲ့ အနာဂတ်ဘဝတွေ ဖန်တီးနိုင်ဖို့၊ လုံခြုံနွေးထွေးတဲ့ မိသားစုဘဝတွေကို ပြန်လည်ရရှိနိုင်ဖို့ မညီမျှမှု အမျိုးမျိုးမှန်သမျှကိုတိုက်ဖျက်ပေးကြဖို့ အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။

✊ပြည်သူအများ ကြုံတွေ့နေရတဲ့ အဆိုးကျော့ သံသရာကို ဖြတ်တောက်နိုင်ဖို့နဲ့ အနာဂတ်ဘဝတွေ ခိုင်မာလုံခြုံစေဖို့အတွက် လူမှုဒုက္ခအဝဝ ကို ဖန်တီးနေတဲ့ အကြမ်းဖက် စစ်ကောင်စီဖြုတ်ချရေးမှာလည်း တစ်တပ်တစ်အား ပူးပေါင်းပါဝင် ကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်။