အကြမ်းဖက်စစ်တပ်၏ မီးရှို့ခြင်းခံရသည့် ဒေသများအတွက် ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက အကြမ်းဖက်စစ်တပ်၏ မီးရှို့ခြင်းခံရသည့် ဒေသများအတွက် အောက်ပါအချက်များကို လုပ်ဆောင်လျက်ရှိပါသည်။
၁. အချက်အလက်များကို နေ့စဥ် စောင့်ကြည့် မှတ်တမ်းယူခြင်း
၂. ထိခိုက်ခံစားရသော မိသားစုများကို လူသားချင်းစာနာမှု အရေးပေါ် အကူအညီ ပေးအပ်ခြင်း
၃. အချို့သော တိမ်းရှောင်ရာ နေရာများတွင် ယာယီခိုလုံရာများ ဆောက်လုပ်ရန် ထောက်ပံ့ခြင်း
၄. ဘေးဒုက္ခ ခံစားရသော ပြည်သူများကို စိတ်လူမှုဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုပေးခြင်း
၅. ထိန်းချုပ်စိုးမိုးမှု ရရှိလာသော နယ်မြေများတွင် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး အစီအမံများ ချမှတ်ထားရှိခြင်း
၆. အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေများ၏ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို ချိုးဖောက်လျက်ရှိကြောင်း နိုင်ငံတကာက သိရှိစေရန် ဆောင်ရွက်ခြင်း
၇. အကြမ်းဖက် စစ်တပ်နှင့် လက်ပါးစေများက တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားစွာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းကြောင့် ဒုက္ခသည်ဦးရေ တိုးပွားလျက်ရှိရာ လူသားချင်း စာနာမှု အကူအညီများကို နိုင်ငံတကာမှ ရရှိနိုင်ရေး ကြိုးပမ်းခြင်း
၈. ပြည်တွင်းပြည်ပ ပြည်သူများ၏ ကူညီပံ့ပိုးမှုဖြင့် ထောက်ပံ့မှုများ ထိထိရောက်ရောက် ပေးနိုင်ရေး လုံခြုံရေးသတိဖြင့် ချိတ်ဆက်ဆောင်ရွက်များကို အစဥ်အမြဲ မြှင့်တင် အကောင်အထည်ဖော်လျက်ရှိခြင်း