ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာမှု အကူအညီပေးအပ်ခြင်း

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများကြောင့် မိမိတို့နေရပ်ကိုစွန့်ခွာ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ဒေသများနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်များတွင်လည်းကောင်း၊ ကရင်နီပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင်လည်းကောင်း တိမ်းရှောင်ခိုလှုံလျက်ရှိကြရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက အရေးပေါ်စားနပ်ရိက္ခာများနှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ချိတ်ဆက်ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) အပါအဝင် ဒေသခံမိတ်ဖက် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ ယနေ့အထိ စုစုပေါင်းငွေကျပ်သိန်း (၉၉၀) ကျော် ပံ့ပိုးထားပြီးဖြစ်ပါတယ်။
တိုက်ပွဲရှောင်ပြည်သူများ၏ လိုအပ်ချက်အရ ညှိနှိုင်းဆွေးနွေး၍ ဆက်လက်ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။