ဥရောပရောက် မြန်မာနိုင်ငံသားများနှင့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ

အမျိုးသား ညီညွတ်ရေး အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ဥရောပရောက် မြန်မာနိုင်ငံသားများနှင့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၁ ခုနှစ် ဇွန်လ ၂ရက်နေ့တွင် အွန်လိုင်းမှ တဆင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာ၌-

– ဒေါက်တာဝင်းမြတ်အေးမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေမှုအခြေအနေနှင့် ထောက်ပံ့ ဆောင်ရွက်ထားရှိမှုများ၊ အိမ်နီးချင်းနိုင်ငံအစိုးရများ၊ UN၊ INGO အဖွဲ့အစည်းများ၏ ထိရောက်စွာပံ့ပိုးမှုလိုအပ်နေသည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။

– ဦးမိုးဇော်ဦးမှလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ပေါ်ပေါက်လာရသည့်အကြောင်း၊ PDF မှ လိုက်နာကျင့်သုံးလိုက်နာမည့် code of conduct များ ရှိကြောင်းနှင့် အကြမ်းဖက်ရန်မဟုတ်ဘဲ ပြည်သူကို ကာကွယ်ရန် ဖွဲ့စည်းထားရှိရမှုအကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။

NUG အစိုးရကို ပြည်တွင်းပြည်ပ ပြည်သူအများစု၏​ထောက်ခံရုံမျှမက နိုင်ငံတကာအစိုးရများကပါ အ​လေးထားဆက်သွယ်ခြင်း၊ကူညီပံ့ပိုးခြင်းတို့​ဆောင်ရွက်လျက်ရှိရာ ဆက်လက်​အောင်မြင်မှုရရှိ​ရေးကြိုးပမ်းလျက်ရှိပါသည်။