၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၈
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရှမ်း(တောင်)၊ ကရင်နီ၊ ကရင်၊ ရခိုင်နှင့် မွန် ဒေသများရှိ ဒေသခံပြည်သူများသို့ ပြည်သူမှပြည်သူသို့ ပေးပို့လှူဒါန်းသည့် အလှူငွေမှ ရေဘေးသင့် ဒေသများအတွက် ဆက်လက်ချိတ်ဆက် ထောက်ပံ့ပေးလျက်ရှိပါသည်။
ယခုအခါ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အတွင်းရှိ ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူများသို့ ရေးပေါ်အမိုးအကာနှင့် စားနပ်ရိက္ခာများကို အိမ်ထောင်စုအလိုက် မြို့နယ် လူသားစာနာတာဝန်ခံများနှင့် ချိတ်ဆက်ကာ ထောက်ပံ့ပေးလျက်ရှိပြီး ဒေသအလိုက် ဘေးကင်းသည့်နေရာများသို့ အရေးပေါ်ရွှေ့ပြောင်းပေးခြင်း၊ ကူညီကယ်ဆယ်ခြင်း၊ အရေးပေါ်လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မီရရှိနိုင်ရေးလုပ်ငန်းများကို မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖအဖွဲ့နှင့် ပအဖအဖွဲ့များက ဆက်လက်ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

