

အကြမ်းဖက် စစ်တပ်ကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသော လေးကေ့ကော်ဒေသရှိ စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ်လိုအပ်ချက်များ အလျင်အမြန်ရောက်ရှိရေး ကြိုးပမ်းလျက်ရှိရာ ကနဦး ထောက်ပံ့ပေးပို့မှုအနေဖြင့် စားနပ်ရိက္ခာ ခေါက်ဆွဲခြောက် ၊ ငါးသေတ္တာ ၊ ကွေကာအုပ် ၊ ဆန်၊ဆီ၊ ဆား၊ ငါးခြောက်၊ စောင်၊အနွေးထည်နှင့် အခြား အရေးပေါ် အသုံးအဆောင်များတို့ကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန မြေပြင်အဖွဲ့များ၊ လူသားချင်းစာနာ ကူညီရေးနှင့် ဘေးအန္တရာယ် တုံံ့ပြန်ရေး ပူးပေါင်းကော်မတီဝင် တိုင်းရင်းသားအဖွဲ့အစည်များနှင့် လက်တွဲ၍ စစ်ဘေးရှောင်ပြည်သူများထံသို့ တိုက်ရိုက် ရောက်ရှိစေရန် ပို့ဆောင်နေပြီ ဖြစ်ပါသည်။ ထို့အပြင် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ထောက်ပံ့ပေးပို့မှုများ ဆက်လက်လုပ်ဆောင်ရန်လည်း စီစဥ်လျက်ရှိပါသည်။
