ရေကြီးခြင်းနှင့် မြေပြိုခြင်း ဘေးသင့် ပြည်သူများအတွက် လူသားချင်း စာနာမှု အကူအညီ

ယခုအခါ မြန်မာပြည် နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက  မွန်ပြည်နယ်တွင် မြေပြိုခြင်းကြောင့် နေအိမ်ထိခိုက်သွားသော မိသားစု ၉ စုအား တစ်စုလျှင် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ကိုးသိန်း (၉၀၀,၀၀၀)ကို လည်းကောင်း၊ မြေပြိုခြင်းကြောင့် လူပိ ထိခိုက်ခဲ့သော မိသားစုအတွက် ငွေကျပ် တစ်သိန်း(၁၀၀,၀၀၀)ကို လည်းကောင်း ၂၉.၀၇.၂၀၂၁ တွင် အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထို့အပြင် ၃၀.၇.၂၀၂၁ ရက်နေ့တွင် မွန်ပြည်နယ် ရှိ ရေဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်အိတ် တစ်အိတ်နှုန်း ဖြင့် ဆန်အိတ် ၃၉၀ အိတ်အတွက် ကျသင့်ငွေ ကျပ် နှစ်ဆယ့်ခုနစ်သိန်း (၂,၇၀၀,၀၀၀)ကို လည်းကောင်း၊ ကရင်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူ ၂၈၀၀ အတွက် ဆန်ရိက္ခာဖိုး ငွေကျပ် နှစ်ဆယ့်ငါးသိန်း နှစ်သောင်း (၂,၅၂၀,၀၀၀)ကို လည်းကောင်း ပေးပို့ထောက်ပံ့ခဲ့သည်။

ဤ လူသားချင်းစာနာမှု အကူအညီများအတွက် ပူးပေါင်း ကူညီပေးကြသော ပြည်သူများကို အထူး ကျေးဇူး တင် ဂုဏ်ပြု အပ်ပါသည်။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာနသည် အခက်အခဲများကြားမှ ဘေးဖြစ်ပွားရာ နေရာများသို့ ကူညီထောက်ပံ့မှုများ ဆက်လက် ပြုလုပ် သွားမည်ဖြစ်ပါသည်။