နေရပ်စွန့်ခွာပြည်သူများအတွက် ကရင်ပြည်နယ်အတွင်း ခိုလှုံရာစခန်းများ တည်ဆောက်နိုင်ရေး ပံ့ပိုးကူညီမှု

အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှု အမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာရသော မြန်မာပြည်သူများအတွက် ကရင်ပြည်နယ်အတွင်း လိုအပ်သောနေရာများတွင် ခိုလှုံရာစခန်းများ တည်ဆောက်နိုင်ရေးအတွက်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက နိုင်ငံတကာမှ မြန်မာများ၏ လှူဒါန်းငွေ အမေရိကန် ဒေါ်လာ ခြောက်ထောင့်ရှစ်ရာနှစ်ဆယ် (မြန်မာကျပ်သိန်း တစ်ရာ့တစ်ဆယ်ခန့်) ကို ပေးပို့ထောက်ပံ့ခဲ့ပါသည်။