အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (၂၀၂၅)

🔷 အောက်တိုဘာလ (၁၃) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (၂၀၂၅)၊ International Day for Disaster Risk Reduction (IDDRR-2025) ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ “ဘေးဒဏ်ကြောင့်ကုန်ကျစရိတ်ကို ချွေတာဖို့၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်အောင်ရင်းနှီးမြှုပ်နှံစို့” (Funding Resilience, Not Disasters) ဖြစ်ပါတယ်။

🔷 ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေးအန္တရာယ်တွေကို လျှော့ချနိုင်ဖို့ လုပ်ဆောင်နေကြသလို မြန်မာနိုင်ငံမှာလည်း အကြမ်းဖက်စစ်တပ်ကြောင့် ဖြစ်ပေါ်လာတဲ့လူမှုဒုက္ခအဝဝကို လျှော့ချပေးနိုင်ဖို့ တော်လှန်ရေးအင်အားစု အသီးသီးက ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။

🔷 ဒါကြောင့် ယခုနှစ်အောက်တိုဘာလ (၁၃) ရက်နေ့မှကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့မှာလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ အဆိုးရွားဆုံး ကြုံတွေ့နေရတဲ့ စစ်တပ်ကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေကို ဘယ်လိုမျိုးလျော့ပါးအောင် လုပ်ဆောင်နေရတယ်၊ အရပ်သားပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ ပြည်သူနဲ့အတူ ဘယ်လိုမျိုး ကြိုးစားဆောင်ရွက်နေကြတယ်ဆိုတာကို ကမ္ဘာကသိအောင် မီးမောင်းထိုးပြလိုပါတယ်။

🔷 လက်ရှိ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဘေးဒုက္ခမျိုးစုံကို ကြုံတွေ့နေရတဲ့ ပြည်သူလူထုအတွက် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည်ရှိဖို့ ရင်းနှီး မြှုပ်နှံမှု ပြုရာမှာ လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရတစ်ခုတည်းနဲ့လည်း မလုံလောက်နိုင်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ဒေသတွင်းနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက စိတ်ပါဝင်စားမှုနဲ့ လက်တွေ့ကျတဲ့ ရင်းနှီးထောက်ပံ့ပေးမှုတွေက များစွာ အရေးကြီးပါတယ်။

🔷 ဒီနှစ်ဆောင်ပုဒ်ရဲ့အနှစ်သာရကို ပြည့်မီဖို့ဆိုရင် ရေတို လူသားချင်းစာနာမှု အကူအညီတွေသာမက ဘေးဒဏ်ခံနိုင်ရည်ရှိစေဖို့ ရင်းနှီးမြှုပ်နှံမှုတွေမှာပါ နိုင်ငံတကာက ထိထိရောက်ရောက်ကူညီဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ လူသားဆန်တဲ့စိတ်နဲ့ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားမှုကို ပြသတဲ့အနေနဲ့ ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေတိုးမြှင့်လုပ်ဆောင်ပေးကြဖို့ ယနေ့ကျရောက်တဲ့ အထိမ်းအမှတ်နေ့ကနေ အမှာစကားပါးလိုပါတယ်။

#IDDRR2025
#InvestResilienceNotDisasters
#MoHADM