၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း ဝန်ကြီးဌာနက ထောက်ပံ့ခဲ့သည့် လူသားချင်းစာနာမှု အကူအညီများ အနှစ်ချုပ်

◾အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၇၂.၃၁) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။
◾အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ မီးရှို့ဒဏ်ခံ ပြည်သူများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟု ထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ နိုင်ငံရေးအကျဥ်းသားများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်၍ အတတ်နိုင်ဆုံး မြေပြင်အထိရောက်အောင် ကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိပါသည်။
◾ထောက်ပံ့မှုများကို စစ်တပ်၏ အတားအဆီး အမျိုးမျိုးကြားမှ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြသည့် ဒေသခံ မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ် များ၊ စေတနာ့ဝန်ထမ်းပြည်သူများကို အထူးကျေးဇူးတင်ရှိပါသည်။
◾လူသားချင်းစာနာမှု အကူအညီများသည် ပြည်သူမှ ပြည်သူသို့ ထောက်ပံ့ခြင်းများ ဖြစ်ပြီး နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီများ ရရှိနိုင်ရေးအတွက်လည်း စဥ်ဆက်မပြတ် ကြိုးပမ်းလျက် ရှိပါသည်။
◾ထောက်ပံ့မှု အသေးစိတ် အချက်အလက်များနှင့် မှတ်တမ်းဓာတ်ပုံများကို ပုံတစ်ပုံချင်းတွင် လေ့လာကြည့်ရှုနိုင်ပါသည်။