မသန်စွမ်းပြည်သူများအား လူသားချင်းစာနာမှု အကူအညီ ပေးခြင်း

ဝန်ကြီးဌာနအနေဖြင့် တော်လှန်ရေးကာလအတွင်းမှာပင် မသန်စွမ်းသူများအရေးအတွက် ချန်လှပ်ခြင်းမရှိဘဲ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများကို ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာန၏ မြေပြင်အဖွဲ့သားများက ချိတ်ဆက် စာရင်းကောက်ယူ ရရှိလာသော စစ်ဘေးရှောင် မသန်စွမ်းသူများ၊ စားဝတ်နေရေး ရပ်တည်ရန်ခက်ခဲသော မသန်စွမ်းသူများ အတွက် ပံ့ပိုးကူညီမှုများကို တော်လှန်ရေးကာလ မသန်စွမ်းသူများ၏ အခွင့်အရေးများဖော်ဆောင်ရန် ဖွဲ့စည်းထားရှိသော မသန်စွမ်းသူများ ခွင့်တူညီမျှ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီနှင့်ပူးပေါင်း၍ အတတ်နိုင်ဆုံး ကြိုးစားပံ့ပိုးပေးလျက်ရှိပါသည်။ အခက်အခဲ အကန့်အသတ်များစွာထဲက ဆောင်ရွက်ရသည့်အတွက် အားလုံးလွှမ်းခြုံ မိဖို့ အများကြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။