လေးကေ့ကော်ဒေသ မင်းလက်ပံရွာ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခြင်း

အကြမ်းဖက် စစ်ကောင်စီက ကရင်ပြည်နယ် လေးကေ့ကော် ဒေသတွင် လက်နက်ကြီးနှင့် ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် မင်းလက်ပံရွာမှ ပြည်သူများ ယမန်နေ့ ညက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ ၎င်းတို့အတွက် လိုအပ်သော အရေးပေါ်ဆေးဝါးများနှင့်  ထိုင်းမြန်မာနယ်စပ်တွင် ရှောင်တိမ်းနေရသော စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများကို လေးကေ့ကော်မိသားစု အဖွဲ့နှင့် ပူးပေါင်းလျက် ပေးပို့ထောက်ပံ့ခဲ့ပါသည်။