၁၆ရက်တာ လှုပ်ရှားမှု ဖဲကြိုးဖြူ ကမ်ပိန်းကာလ (၂၅.၁၁.၂၀၂၁ – ၁၀.၁၂.၂၀၂၁)

နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ (၁၀)ရက်နေ့သည် ကမ္ဘာနှင့်အဝန်းတွင် နှစ်စဥ်ကျင်းပလေ့ရှိသော အမျိုးသမီးအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ရက်တာလှုပ်ရှားမှု ဖဲကြိုးဖြူ ကမ်ပိန်းကာလဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၂၅ရက်နေ့တွင် ကျရောက်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို မည်သည့်နည်းနှင့်မဆို ကိုယ်တိုင်မကျူးလွန်သည့်အပြင် ယင်းအကြမ်းဖက်မှုများကိုလျော့ကျသွားစေရန် တစ်တပ်တစ်အား ပါဝင်ကြိုးပမ်းပါမည်ဟု ဖဲကြိုးဖြူကမ်ပိန်းတွင်ပါဝင်ခြင်းဖြင့် ကတိကဝတ်ပြုပါသည်။

#ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထအမြစ်ဖြတ်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ်
#EndImpunity_EndVAW
#16daysofActivism2021
#ForeverWhiteRibbon