လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သော ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
ထို့ကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ် တွင် ဖြစ်ပွားခဲ့သော မြေပြို၊ ရေဘေး ကြောင့် ထိခိုက်ခံခဲ့ရပြီး ထောက်ပံ့မှုလိုအပ်နေသော ပြည်သူများအတွက် ငွေကျပ် ၁၀သိန်း ကို ၁၃.၀၈.၂၀၂၁တွင် ပေးပို့ထောက်ပံ့ခဲ့ပါသည်။
ထို့အတူ ရေဘေးသင့်ခဲ့ရသော ကချင်ပြည်နယ် မဂါ့ယန် စစ်ရှောင်စခန်းအတွက် ဆန်ရိက္ခာဖိုး ငွေကျပ်၁၈သိန်း၊ မြေပြိုမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသောမိသားစုအတွက် ငွေကျပ် ၁သိန်း နှင့် ဘေးဒဏ်ကြောင့် နေအိမ်ပျက်စီးခဲ့ခြင်းများအတွက် ငွေကျပ် ၅သိန်း စုစုပေါင်း ငွေကျပ်၂၄သိန်းကို ၁၅.၀၈.၂၀၂၁တွင် ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။
ထို့အပြင် အကျဥ်းသားများနှင့် ၄င်းတို့မိသားစုများအတွက်လိုအပ်ချက်များကို လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးနိုင်ရန် ငွေကျပ် ၁၅သိန်း ကိုလည်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။
