၂၀၂၂ခုနှစ်၊ဇန်နဝါရီလ အတွင်း နိုင်ငံတဝှမ်းသို့ ပေးပို့ခဲ့သော လူသားချင်း စာနာမှု အကူအညီများ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အခက်အခဲများကြားက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီ၏ လူသားမဆန်မှုကြောင့် ဘေးဒုက္ခခံစားနေရသော နိုင်ငံတဝှမ်းမှ ပြည်သူများအား ငွေကျပ် သိန်း (၃၆၀၀) ကျော်ခန့် တန်ဖိုးရှိသော လူသားချင်းစာနာမှုအကူအညီများ ပံ့ပိုးပေးပြီး ဖြစ်ပါသည်။ထောက်ပံ့မှုများကို စစ်တပ်၏ အတားအဆီး အမျိုးမျိုးကြားမှ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြသည့် ဒေသခံ မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ စေတနာ့ဝန်ထမ်းပြည်သူများကို ကျေးဇူးတင်ရှိပါသည်။