အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက သောင်းရင်းမြစ်ကမ်းဘေးရှိ တိုက်ပွဲရှောင်များအတွက် အရေးပေါ်စားနပ်ရိက္ခာများ လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ပေးအပ်ထောက်ပံ့

ကရင်ပြည်နယ်၊ လေးကေကော်ဒေသအတွင်း စစ်ကောင်စီ၏ ထိုးစစ်ဆင် အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်မှုများကြောင့် သောင်းရင်းမြစ်ကမ်းတစ်လျောက်နှင့် အနီးအနားနေရာများသို့ ထွက်ပြေးတိမ်းရှောင် လာကြရသည့်  စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် လိုအပ်သောအသုံးအဆောင်ပစ္စည်းများ ၊ စစ်ပွဲရှောင်စခန်းများတွင် လိုအပ်သော အမိုး၊ အကာများနှင့် အိမ်သာများကို ဝန်ကြီးဌာန၏ မြေပြင်အဖွဲ့သားများကိုယ်တိုင်သော်လည်ကောင်း၊ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့ အစည်းများဖြင့် ချိတ်ဆက်၍သော်လည်ကောင်း အလျင်မြန်ဆုံး ပံ့ပိုးကူညီပေး လျက်ရှိရာ ကရင်ပြည်နယ်၊ လေးကေကော်ဒေသအတွင်းရှိ တိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူများအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၅၅၀) ကျော် ထောက်ပံ့နိုင်ခဲ့ပြီးဖြစ်ပါတယ်။
ပိုမိုလျင်မြန် များပြားသော ထောက်ပံ့မှုများ ပေးအပ်နိုင်ရေးအတွက် မြေပြင်ရှိ ဆက်စပ်လူမှုအဖွဲ့အစည်းများနှင့် စနစ်တကျဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စစ်ဘေးရှောင်များတွင် ကျန်းမာရေး ဆိုင်ရာ လိုအပ်သောစစ်ဆေးမှုများကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။