ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်ရှိ နေအိမ်အမိုးများ ပြင်ဆင်ရန် ထောက်ပံ့မှု

ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်တွင် ၂-၀၇-၂၀၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးများ ပျက်စီးခဲ့ပါသည်။ ၄င်းတို့အနက် နေအိမ်အမိုးများ ပြန်လည်ပြင်ဆင်ရန် အလွန် အခက်အခဲရှိနေသော အိမ်ထောင်စု ၅ စုအတွက် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက တစ်အိမ်ထောင်လျှင် တစ်သိန်းကျပ် ဖြင့် စုစုပေါင်း ငွေကျပ် ငါးသိန်း ကို ၉.၀၇.၂၀၂၁ တွင် ပေးပို့ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ ဝန်ကြီးဌာနသည် နေရာအနှံ့မှ လိုအပ်နေသော ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရန် ပြည်သူများ၏အားဖြင့် အခက်အခဲများကြားမှ တတ်အားသရွေ့ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။